နှစ်ကာလ အတန်ကြာ
ပျော်ရွှင်မူကို ရှာဖွေခဲ့တဲ့ ဒီငနဲ
နောက်ဆုံးတော့လည်း သူ့အပြုံးတွေအောက်
ဒူးကို ထောက်လို့ပေါ့။
ဆယ်စုနှစ်တခုစာ ပျောက်ဆုံးနေခဲ့တဲ့
ကြည်နူးမူတွေ သူနဲ့တွေ့မှ ပြန်ရှင်သန်လာတာတဲ့။
ဟုတ်ချင်လည်း ဟုတ်မှာပါ။
(ဆိုလိုတာကတော့ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့)
ဘယ်နဂါးဟာ နဂါးပတ်ကြော့ကွင်းမှာ ပျော်ခဲ့ဖူးလို့လဲ။
ခင်ဗျားတို့လည်း
ပျော်ရွှင်မူဟာ ကျွဲေြခရာခွက်ထဲမှာရှိတယ်ဆို
ကခုန်ပေါက် ခုန်ဝင်မိကြမှာပဲ မလား?
(ဒါကတော့ အဘ နဖူး သိုက်ရှိတယ်ဆိုလို့
တူးကြည့်တာမျိုးနဲ့ပေါ့ မတူဖူးဘူးေလ။)
သေသေချာချာ တွေးကြည့်မယ်ဆို
အထီးကျန်ခြင်းဟာ အကျဉ်းကျနေတာပဲ။
ဇာတ်ပေါင်းလို့ အပစ်ရှာတဲ့အခါ
အထီးကျန်ခြင်းကိုသာ ကြိုးစင်တင်ကြပေါ့။
သဘာဝတရားဟာ သိပ်ပြီး ကြင်နာတက်တဲ့
ဘုရားရှင်ပဲ။
(အဲ့ဒီထဲတော့ ငါပါချင်မှ ပါမှာပေါ့နော်)
မျက်လုံးဟာ တလုံးထဲ ပါရင် မြင်ရနေသားနဲ့..
နှာခေါင်းဟာ တပေါက်တည်းနဲ့ ရှုလို့ရပါရဲ့သားနဲ့...
နားလဲ ထို့အတူပေါ့လေ။
ဒါတွေ ခင်ဗျားတို့ သိနေလို့ ရှင်းပြမနေတော့ဘူး။
ထပ်ပြီး သိစေချင်တာ တခုက
သူတို့ဟာ အနေနီးြပီး ပုံစံတူပေမယ့်
ပြိုင်တူ ရှင်သန်ခွင့် အလွန်နည်းပါးကြတယ်ဆိုတာပါပဲ။
(လူပိန်း နားလည်အောင် ဥပမာပေး ရှင်းပြရင်
နှာခေါင်းပေါက် ၂ခုလုံးဟာ ပြိုင်တူ အသက်ရှု မနေကြပါဘူး။ပုံမှန်အားြဖင့် တဖက်ပဲ ရှုပါတယ်။ပြိုင်တူရှုတဲ့ အခိုက်အတန့်ဟာ အတူတူ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်ပေါ့ ။ကျန်တာတွေလဲ ထို့အတူပါပဲ။
ခင်ဗျားဟာ လူပိန်းဆို ဒါကို ဖတ်ရမယ်။ မပိန်းရင် အစတည်းက ကျော်သွားပေါ့)
ရေးချင်တာကို ရေးလိုက်တာပါ။
တွေးချင်ရာကို ခင်ဗျားတို့ တွေးလိုက်နိုင်တယ်။
(ဒါကတော့ ခင်ဗျားတို့ရဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။)
ကျနော်ကတော့ ငေးချင်ရာကို ငေးပြီး
ဆွေးချင်တာတွေကို ဆွေးမယ်။
ကိုယ်စီကိုယ်ငှ လွတ်လွတ်လပ်လပ် ကြည်နူးနိုင်ကြပါစေသော်...
(တရားဟောနေတာ မဟုတ်လို့ ဒူဝေဝေလို့ မရေးတော့ဘူး ။
အဲ့တော့ ခင်ဗျားတို့လဲ သာဓုခေါ်စရာ မလိုပါဘူး)
No comments:
Post a Comment