အပြုံးတွေဟာ ရေစိမ်မခံဘူး။
နွေးထွေးမူတွေဟာ
အလင်းရောင်ကို ကြောက်တယ်။
စကားလုံးလှလှတွေဟာ
စည်းဝါးမကိုက်သလို
စကားလုံးကြမ်းတွေဟာလည်း
သိပ်အတ္တဆန်တယ်။
ပညာတွေ
ကောင်းကင်လိုမြင့်လာသလောက်
သဘောထားတွေဟာ ခပ်သေးသေးနဲ့
မိုးစက်တွေလို အောက်ရောက်ကုန်တယ်။
ဒီလိုနဲ့ပဲ တစ်ရာတန်ပိုင်တဲ့လူအချို့ဟာ
တစ်ထောင်ဖိုးပျော်နေတာကို ငါမြင်ခဲ့တယ်။ ။
No comments:
Post a Comment